ကဘူးလ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနသည် ခိုကိုးရာမဲ့ပြည်သူ ၁,၅၀၀ အတွက် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို ဧပြီ ၂၃ ရက်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဗယ်လက်တာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မော်လ်တာနိုင်ငံ၊ ဗယ်လက်တာဆိပ်ကမ်းရှိ တန်ချိန် ၃၀၀,၀၀၀ ရှိသည့် အမှတ် ၆ သင်္ဘောကျင်းကို ၁၉၇၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံက ကူညီတည်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်း ၉၉မိုင် ၅ဖာလုံတွင်ယနေ့ နံနက် ၄ နာရီ ၄၇မိနစ်က ခရီးသည်တင် ယာဉ်တစ်စီးသည် ကားဘီးပေါက်ပြီး အရှိန်လွန်ကာ ချောင်းထဲတိမ်းမှောက်သွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်တပ်ဖွဲ့ထံမှ သိရသည်။
ကိုင်ရို ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ ရှေးခေတ်အီဂျစ်လူ့အဖွဲ့ အစည်းယဉ်ကျေးမှုဆိုင်ရာ အမျိုးသားပြတိုက်(NMEC)သည် လွန်ခဲ့သော တစ်နှစ်က စတင်ဖွင့်လှစ်ချိန်မှစ၍ လာရောက်ကြည့်ရှုလေ့လာသူ တစ်သန်း နီးပါဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ယင်းပြတိုက်၏ စီမံခန့်ခွဲရေးအမှုဆောင်ညွှန်ကြားရေးမှူး Ahmed Ghoneim ၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်များဆိုင်ရာ ဝန်ကြီးအဆင့်ကွန်ဖရင့်ကို ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ပနားမား မြို့၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တက်ရောက်ခဲ့ပြီး လက်တင်အမေရိကတိုက်မှ ကျွမ်းကျင်သူများစွာက အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့်ပတ်သက်၍ ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။...