မော်စကို၊ ဧပြီ ၇ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်း၌ ရုရှားစစ်တပ်က အရပ်သားများအား သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြစ်သည့် ”ဘူချာ ဖြစ်ရပ်”ကြောင့် ဥရောပတိုက်တွင် ပြင်းထန်သည့် သံတမန်တိုက်ပွဲ ဖြစ်ပွားလာသည်။ ဥရောပတိုက်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရုရှားသံတမန် အယောက် ၁၀၀ ကျော်ကို နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်ရုရှားဘက်က...
ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျ နိုင်ငံတို့အား ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်မှု ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် win-win ရလာဒ်များ အတွက် အာရှ-ပစိဖိတ်နိုင်ငံများ၏ ရည်မှန်းချက်ကို မျက်နှာမူရန် ၊...
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မကြာခင်ကျရောက်တော့မည့် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန က ဧပြီ ၇ ရက်တွင် နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးအာကာကျော်က “မြန်မာနိုင်ငံမှာ သင်္ကြန်ရိုးရာဆိုတာ ရှေးယခင်ကတည်းက ဆင်နွှဲလာကြတာဖြစ်တယ်။ လူမျိုးဘာသာမရွေး၊...
ကျိုချွမ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် Gaofen အမှတ် ၃ ဂြိုလ်တု ၀၃ အား ဧပြီ ၇ ရက် နံနက် ၇ နာရီ ၄၇ မိနစ် (ပေကျင်းစံတော်ချိန်)တွင်...
ဝါရှင်တန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ထပ်တိုးအရေးယူမှုလုပ်သည့်အနေဖြင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ သမီး ၂ ဦး နှင့် ရုရှားနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းစုများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံက ဧပြီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။...