အစ္စလာမ်မာဘတ် ၊ မေ ၁၇ ရက်(ဆင်ဟွာ) အားကောင်းသော ကိုဗစ်လုံးဝကင်းစင်ရေး(zero-COVID) ချဉ်းကပ်နည်းအား ရွေးချယ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါကိုင်တွယ်ဖြေရှင်းပုံသည် ကမ္ဘာကြီးအတွက် မြင့်မားသောစံနှုန်းများကို ဖြစ်စေခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ မေ ၁၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံတွင် ဖျားနာသူများမှာ မေ ၁၆ ရက်၌ ၂၆၉,၀၀၀ ခန့် ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၁.၄၈ သန်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က မေ ၁၇ ရက်၌ သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ ဘိလိယက်ပြိုင်ပွဲတွင် English Billiards ပွဲစဉ်၌ မြန်မာကစားသမား ဦးပေါက်စသည် မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုကို ယနေ့ မေ ၁၇ ရက်တွင် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး...
ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက G7 အဖွဲ့အား တရုတ်နိုင်ငံနှင့်ပတ်သက်၍ သွားပုပ်လေလွင့် စွပ်စွဲနေခြင်း နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းအား ရပ်တန့်ရန် မေ ၁၆ ရက်တွင် တိုက်တွန်းလိုက်ကြောင်း သိရသည်။
မော်စကို ၊ မေ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံဗလာတီမာပူတင်က အကယ်၍ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့က ဖင်လန် သို့မဟုတ် ဆွီဒင်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများတပ်စွဲချထားခဲ့မည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။