ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးရှိ မဲရုံအသီးသီးတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး...
ဝါရှင်တန်၊နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းဂျိုးဘိုင်ဒန်သည် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လိုအပ်သော အီလက်ထရိုမဲအရေအတွက် ၂၇၀ ထက်ကျော်လွန်၍ ရရှိသွားပြီဖြစ်ရာ ၎င်းသည် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသူဖြစ်ကြောင်း အမေရိကန်မီဒီယာများစွာက ရေးသားဖော်ပြလိုက်သည်။ (Xinhua)
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် ၁၀၇၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက်ည ၈နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာစုစုပေါင်း(၆၀,၃၄၈) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးဝလံများကို ဝယ်ယူလိုသည်ဟု နိုင်ငံတကာဈေးကွက်မှ ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြောင်းလဲကျင်းပရန်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။