ပေကျင်း ၊ မတ် (၂၀) ရက် (ဆင်ဟွာ)
ပေကျင်း၊ မတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၉ ရက် ညနေပိုင်းတွင် အန်းဟွေးပြည်နယ်Tunxi ၌ သတင်းထောက်များ၏ တွေ့ဆုံမေးမြန်းမှုကိုဖြေကြားစဉ် တရုတ် နှင့် အမေရိကန် သမ္မတတို့ ၏ ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်မှုအခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့နှင့် ဆက်ဆံရေးတွင် တိုးတက်မှုရရှိစေရန် ဦးဆောင်ဦးရွက်အစပျိုးလုပ်ဆောင်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ်ဇာဗီယာဘတ်တဲလ်( Xavier Bettel ) နှင့် မတ် ၁၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် “ ယူကရိန်းနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားဆောင်ရွက်မှုတွေဟာ လက်ခံနိုင်စရာမရှိတဲ့ သဘောသဘာဝပဲ“ဟု ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တစ်စောင်၌ ဖော်ပြထားသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး အိမ်စီးကားတစီး မီးလောင်ကာ ကလေးငယ် ၂ဦး အပါအဝင် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။