မက်ဒရစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်ကာ အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို ထိန်းချုပ်ရန်အတွက် ဒေသ ၄ ခု ထပ်မံပိတ်ပင်ရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်သူများက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။
မင်တို ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က လတ်တလောရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်း Cabo Delgado ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခု ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်သမား ၁၀၈ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် ဇနီးတို့ ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁) တွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက် ခဲ့ကြသည်။
ဘန်ကောက်၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်-ထိုင်း ရထားလမ်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ပထမကာလ(ဘန်ကောက်- နခွန်ရတ်ချစီမာ)လုပ်ငန်း စီမံကိန်း “Contract 2.3″သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အိမ်တော်တွင် ကျင်းပခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သတင်းများအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်စတော့စတော့ဈေးကွက်တွင် နိုင်ငံခြားသားများအား စတော့ရှယ်ယာရောင်းဝယ်ခွင့်ပြုထားသည့်အချိန် မှ စ၍ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ အထိ နိုင်ငံခြားသားများ၏ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ကျပ်သန်း၂၅၀ ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။