ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ငါးရက်အတွင်း တရားမဝင်သစ် တန် ၁,၁၉၀ကျာ်နှင့် ပြစ်မှုကျူးလွန်သူ ၆၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ပေကျင်း၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံတွင် စားသောက်ဆိုင်နှင့်အားကစားယဉ်ကျေးမှုအဆောက်အဦများအား ယာယီ ပိတ်ထားကြောင်းနှင့် တောင်အာဖရိကနိုင်ငံ သမ္မတသည် ကိုဗစ်အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခဲ့ခြင်းကြောင့် စတင် သီးခြားခွဲနေပြီ ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် သတင်းများအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောင်ရွက်ဆဲလုပ်ငန်း ၈ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဉီကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၅)ခု ကို ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ၏ သတင်းများ သိရှိစေရန် တိုင်းနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ ဆက်သွယ်ရမည့် ဖုန်းနံပတ်များ ယနေ့ (အောက်တိုဘာ ၂၈ ရက်)၌ တရားဝင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၀၆ ဦးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၂၅ ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာ ၂၈ ရက် ) ညပိုင်းတွင် ထုတ်ပြန်သော သတင်းအရ...