ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်နိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ရေကြောင်း၊လေကြောင်း ခရီးသွားလာသူများ အထူးသတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှ ထွန်းက ယနေ့ အောက်တိုဘာ ၂၈ ရက်တွင်ပြောကြားသည်။
ပေကျင်း၊အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ဆောင်းရာသီကာလ ရောက်ရှိတော့မည်ဖြစ်ရာ အပူချိန် အဆက်မပြတ်ကျဆင်းလျက် ရှိသည့်အပေါ် သုတေသီများက နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် တစ်ဆင့်တိုးပို၍ ဆိုးဝါးလာနိုင်ကြောင်း၊ ၎င်းမှာ ဗိုင်းရပ်စ်၏ ပင်ကိုဗီဇလက္ခဏာ ၊ လူအများ၏ လူမှုဆက်ဆံရေးအလေ့အထစသည့် အကြောင်းအရာများနှင့် ဆက်စပ်နေကြောင်း သတိပေးပြောကြားထားသည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ ၃ ရက် ကြေညာရန် စီစဉ်ထားကြောင်း သမ္မတ Andres Manuel Lopez Obrador က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နေအိမ်တွင် အသွားအလာကန့်သတ်ခံထားရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မိုဘိုင်းမဲရုံပုံစံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများ မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်၂၀၁၉ ခုနှစ်အတွင်း ဆေးရုံ၌ သေဆုံးမှုများ အားလုံး၏ ၆၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။