ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် သပိတ်ကျင်းမြို့ နယ် ရှိ ရွှေစည်းခုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ အထက ကျောင်း ၊အင်္ဂ ါနံဘုရားတို့၏ အုတ်တံတိုင်းများ အနည်းငယ်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ ငလျင်ဌာနခွဲမှ ဦးစီးအရာရှိ...
ရန်ကုန်၊ နို ဝင်ဘာ ၂၈ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်အစည်းအဝေး၏ သဘောတူညီချက်အရ စက်မှုဝန်ကြီးဌာန နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ အား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၁၂၃/၂၀၁၉ ဖြင့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၀၁)သည် နေပြည်တော် ၌ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၉၉၀၀ လီတာ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရှန်ရှီး၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ်ရှိ Hengshan တောင်စောင်းများတွင် ကပ်ကာ ဆောက်လုပ်ထားသည့် ဘုရားကျောင်းဆောင်များမှာ နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိပြီဖြစ်သည်။ ၎င်းကျောင်းဆောင်များ တွင် အခန်းပေါင်း ၄၀ကျော်ပါဝင်ဖွဲ့စည်းထားပြီး လူသွားလမ်း၊ တံတားလေးများနှင့်လျှောက်လမ်းများလည်းပါဝင်ကာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် လာရောက်လည်ပတ်သူများပြားခဲ့သည်။ (Xinhua)
ပေကျင်း၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကလေးငယ်တစ်ဦးမှာ အလူမီနီယံ ဝိုင်ယာကြိုးခွေများဖြင့် လက်မှု အနုပညာလက်ရာများကို လက်ရာမြောက်စွာဖန်တီးပြုလုပ်သည့် video ကို တင်ဆက်ထားပါသည်။(Xinhua)