ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ကာလအလွန် စီးပွားရေးပြန်လည် ကောင်းမွန်လာစေရန်အတွက် စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာရောက်ရင်းနှီးမြှုပ်နှံရန် ယခင်ကထက် ပိုမိုဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကိုအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် သုတေသီ Clement Ruiz ကလတ်တလောရက်ပိုင်းအတွင်း မက္ကဆီကိုနိုင်ငံ သတင်းစာတစ်ခုဖြစ်သည့် “ဘဏ္ဍာရေးသတင်း” ၌ ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှု အတွေ့အကြုံအားလေ့လာသင်ယူသင့်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။
ဘိုဂိုတာ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ ဒုတိယ သမ္မတ Marta Lucia Ramirez က ၎င်းတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်နေကြောင်းနှင့် နေအိမ်တွင် ၁၅ ရက်ကြာ သီးခြားနေထိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၆၇ နှစ်ပြည့်မွေးနေ့ပွဲ ကို အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ သီးနှံမျိုးစုံဘူဖေးကျွေး၍ ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်သူများမှ မွေးနေ့ဆုတောင်းများပြောကြားနိုင်ရန် Yangon Zoo ၏ Facebook စာမျက်နှာတွင် မွေးနေ့ပွဲကိုပြသသွားမည် ဖြစ်ကြောင်း...