မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် အရှေ့ဘက်ပင်လယ်ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ်ဒုံးကျည်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ ဖေဖော်ဝါရီ (၂၇) ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ကိဗ်မြို့ မြေအောက်ရထားဘူတာအနီးသို့ ဖေဖော်ဝါရီ ၂၆ရက်တွင် ဆင်ဟွာသတင်းထောက်က ကားမောင်း၍ အလျင်အမြန်သွားရောက် သတင်းယူခဲ့သည်။(Xinhua) ……………………………………. English GLOBALink | Xinhua reporter rushes to Kiev subway station...