ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများ နှင့် ကနေဒါတို့နှင့်အတူ ပူးပေါင်း၍ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုအများဆုံးအသုံးပြုသည့် SWIFT ငွေပေးချေမှုစနစ်မှ ရုရှားဘဏ်အချို့ကို ထုတ်ပယ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မော်စကို ၊ ဖေဖော်ဝါရီ (၂၇) ရက် (ဆင်ဟွာ) ရုရှားသမ္မတဗလာတီမာပူတင်သည်ယူကရိန်းနှင့်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ဘီလာရုဇ်နိုင်ငံ မြို့တော် မင့်ခ်စ်သို့ ရုရှားကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။ ယူကရိန်းတွင် ရုရှားနိုင်ငံက စစ်ဆင်ရေးလုပ်ဆောင်နေသည့်အတွက် ရုရှားသမ္မတ ဗလာတီမာပူတင် နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာဗ်ရော့ (Sergei Lavrov) တို့အပေါ်တိုက်ရိုက်ပိတ်ဆို့အရေးယူခြင်းလုပ်ဆောင်ရန် အမေရိကန်က...
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky နှင့် ဖုန်းပြောဆိုမှုတစ်ခုအတွင်း ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပိုမိုပေးအပ်သွားရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။
ကျိုချွမ် ၊ ဖေဖော်ဝါရီ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် L-SAR 01B ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။