လျှို့ယန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် လျှို့ယန်မြို့ရှိ ပြတိုက်တွင် တရုတ်နိုင်ငံ၏ နာမည်ကျော် ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ၏ ရာနှင့်ချီသော အနုပညာလက်ရာ အစိတ်အပိုင်းများကို ပြသထားကြောင်းသိရသည်။ ယခု video သည် အဆိုပါ ပြတိုက်တွင်ပြသထားသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် အနုပညာလက်ရာများကို ရိုက်ကူးတင်ဆက်ထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ဆန်းကျန့်၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ်ရေကြောင်းကုန်စည်ပြပွဲ (CMEE) တွင် တရုတ်နိုင်ငံက နည်းပညာမြင့် သင်္ဘောများ ပြသခဲ့သည်။ တရုတ်ရေကြောင်းကုန်စည်ပြပွဲ (CMEE)ကို တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပြပွဲတွင်...
ယူနန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကွမ်းဖန်ကျေးရွာတွင် ကျင်းတစ်ခုထဲသို့ မတော်တဆပြုတ်ကျသွားသော အာရှဆင်ပေါက်လေးတစ်ကောင်ကို ဒေသခံသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွာသားများက ကယ်တင်ခဲ့သည့်ဗီဒီယိုဖိုင်ဖြစ်ပါသည်။ အဆိုပါ အာရှဆင်ပေါက်လေးသည် ၎င်း၏မိခင်နှင့်အတူ ရွာထဲသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မိခင်နှင့်ကွဲကွာသွား၍ မိခင်ကိုရှာဖွေနေစဉ် ကျင်းတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ရွာသားများက...
ချန်ချွမ်း၊အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သည့် တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ မောင်းနှင်နိုင်သည့် မြန်နှုန်းမြင့် ကျည်ဆန်ရထားကြီးကို CRRC Changchun Railway Vehiclesကုမ္ပဏီက တရုတ်နိုင်ငံ ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် ယနေ့(အောက်တိုဘာ ၂၁ ရက်)က သံလမ်းတင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်သုံးစွဲနိုင်မှုယူနစ်သည် ၄၉၂ယူနစ်အထိရှိလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။