ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအရေးကိစ္စအား ဆွေးနွေးခြင်းနှင့် ညှိနှိုင်းမှုမှတစ်ဆင့် တည်ငြိမ်ရန်၊ တင်းမာမှုများကို လျှော့ချရန်နှင့် မတူကွဲပြားမှုများကို အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံများအားလုံးကို ဖေဖော်ဝါရီ ၂၂ ရက်၌ တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။
ချုံချင့်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစား ယှေလကျောက်သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် တရုတ်နိုင်ငံ SINOPEC JIANGHAN OILFIELD ဖူလျင် ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်မှုစွမ်းရည်တည်ဆောက်ခြင်း၊ ထုတ်လုပ်မှုလျော့နည်းသည့် တွင်းများအား ကောင်းမွန်စွာ စီမံဆောင်ရွက်ခြင်းများကြောင်း ယင်းလုပ်ကွက်၌ တွင်းသစ် ၁၉ ခု ထုတ်လုပ်နိုင်ပြီဖြစ်ရာ နေ့စဉ်ပံ့ပိုးမှု ဓါတ်ငွေ့ပမာဏ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်အကြာက အမေရိကန်နိုင်ငံ သမ္မတ ရစ်ချက်နစ်ဆင် (Richard Nixon) သည် “အေးစက်နေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းသည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း အလှည့်အပြောင်း၊ အချိုးအကွေ့များကြားမှ တရုတ်-အမေရိကန် နှစ်နိုင်ငံလုံး၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပါလက်စတိုင်းတွင် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း မြှင့်တင်ရန် ကိုဗစ်-၁၉ (COVID-19) ရောဂါ ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက ဖေဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။