ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် အိုမီခရွန်မျိုးဗီဇပြောင်းပိုး ပျံ့နှံမှု နှင့် ဆက်စပ်နေသည့် ကူးစက်မှုအသစ် ဖြစ်ပွားမှုအရေအတွက်များ မြင့်တက်လာပြီးနောက် COVID-19 ရောဂါသတိပေးချက်အဆင့်အား ဒုတိယအမြင့်ဆုံးအဆင့်သို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က ယူကရိန်းအရေးအား “ ကြောင်းကျိုးဆီလျော်သောဖြေရှင်းမှုများ” လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအလုံးကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံက သီးခြားလွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုလိုက်သည့် ယူကရိန်းရှိ ဒေသနှစ်ခုတွင် စီးပွားရေးလုပ်ကိုင်နေကြသော အမေရိကန်နိုင်ငံသားများအား တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Jen Psaki က ဖေဖော်ဝါရီ ၂၁...
မော်စကို ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီနှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁...