ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ Donetsk ၊ Lugansk ၏ အခြေအနေအပေါ် ရုရှားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်း၏ အပြင်းအထန် စိုးရိမ်ပူပန်မှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန် စစ်လက်နက်ပစ္စည်းရောင်းချရာတွင် ရေရှည်ပါဝင်သည့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းနှစ်ခုကို တန်ပြန် ပိတ်ဆို့ရန် တရုတ်နိုင်ငံ အစိုးရက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘီလာရုဇ်နိုင်ငံအတွင်း ဘီလာရုဇ်-ရုရှား စစ်တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မဟာမိတ်နှစ်နိုင်ငံ၏ လျင်မြန်စွာ တုန့်ပြန်စွမ်းကို စမ်းသပ်သွားမည် ဖြစ်ကြောင်း ဘီလာရုဇ် ကာကွယ်ရေးဝန်ကြီး Victor Khreninက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံဆွေးနွေးရန် မူအားဖြင့်လက်ခံကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psaki က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရုရှား သမ္မတ ပူတင်နှင့် ပြင်သစ် သမ္မတ မိုက်ခရွန်တို့သည် ဖေဖော်ဝါရီ ၂၀ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်းအရေး သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသင့်သည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း သိရသည်။