ပေကျင်း ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အိုလံပစ်အလံအား ၂၀၂၆ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ လက်ခံကျင်းပမည့် မီလန်မြို့ နှင့် Cortina d’Ampezzo မြို့များ၏ မြို့တော်ဝန်များထံသို့ အသီးသီးလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံဝန်ကြီးချုပ်က အီရန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အတူ နျူကလီးယားသဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း ၊ သို့သော် ယင်းသဘောတူညီချက်အသစ်သည် ယခင်ရှိခဲ့သော သဘောတူညီချက်ထက် ပို၍ “ အားနည်းကြောင်း” ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မင့်စ်ခ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရုရှား-ဘီလာရုဇ်နှစ်နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” ၏ နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲ ဝင် လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ဖိတ်ကြားချက်အရ ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေး ဆွေးနွေးပွဲ တရုတ်နိုင်ငံဆိုင်ရာ အစည်းအဝေး (MSC Conversation:China Edition) ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachetle ၏ ရှင်းကျန်းဒေသသို့ ခရီးစဉ်အပါအဝင် တရုတ်နိုင်ငံခရီးစဉ်အား ကြိုဆိုကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။