ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (အောက်တိုဘာ ၁၅ ရက်) ညပိုင်းထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၂,၀၀၀ ကျော်ရှိလာပြီး ရောဂါပျောက်ကင်း၍ ဆေးရုံကဆင်းခွင့်ရသူ ၁၄,၇၀၆ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်းပေါ်ရှိ UAB ဘဏ်ခွဲတစ်ခုဖြစ်သော မန္တလေး(စက်မှုဇုန်) ဘဏ်ခွဲတွင် ယနေ့( အောက်တိုဘာ ၁၅ ရက်) ညနေပိုင်းက သေနတ်ကိုင်ဆောင်ထားသူတစ်ဦး လာရောက်ဓါးပြတိုက်ပြီး ကျပ် သိန်း၂၀၀ခန့် ယူဆောင်သွားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ဝူးလူမုချိ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗို့အားအလွန်မြင့်မားသည့် ဓာတ်အားလိုင်းသစ် စတင်လည်ပတ်နေပြီဖြစ်ပြီး ဒေသတွင်း ၇၅၀ ကေဗီ ဓာတ်အားကွန်ရက် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ မြန်မာတစ်နိုင်ငံလုံးတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်သည့်အိမ်ခြေပေါင်း ၄၀၃,၇၆၇ ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။