ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းရှိမရှိကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် ကျောင်းသူကျောင်းသားများ အတန်းပညာအား စဉ်ဆက်မပြတ်လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့အောက်တိုဘာ ၇ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) နေပြည်တော်ကောင်စီ နယ်မြေ ၊ တိုင်းဒေသကြီး ပြည်နယ် သစ်တောဦးစီးဌာနများမှ ရက်သတ္တပတ်အတွင်း တရားမဝင်သစ် ၂၃၇ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) လျာထား မြေဧက ၉,၆၉၀ ဒသမ ၄ ဧက ပေါ်တွင် တည်ဆောက်ရန် စီစဉ်လျက် ရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားပြီး တစ်နှစ်လျှင် ခရီးသည် ရှစ်သန်း ကိုင်တွယ်...
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ချိုးဖောက်သူ (၆၂၄) ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်က အကယ်၍ ၎င်း၏ ပြိုင်ဘက် ရီဘတ်ပလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်ထံတွင် COVID-19 ရောဂါရှိနေဆဲ ဆိုပါက လာမည့် စကားစစ်ထိုးပွဲကို ကျင်းပရန် မသင့်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။