ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မော်တော်ယာဉ်အရောင်းပြခန်း (Showroom)များအတွက် သွင်းကုန်လိုင်စင်လျောက်ထားမှုအား အောက်တိုဘာလဆန်းမှစတင်ပြီး Fully Online စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းကဆင်ဟွာသို့ အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားပြန်လည်ခေါ်ဆောင်ပေးလျက် ရှိရာအောက်တိုဘာ ၆ ရက်အထိမြန်မာနိုင်ငံသားစုစုပေါင်း ၁၈,၁၈၃ ဦးအားကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အကြီးတန်းအကြံပေး တစ်ဦးဖြစ်သူ Stephen Miller သည် COVID-19 ရောဂါကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိထားသည်ဟု အိမ်ဖြူတော်က အောက်တိုဘာ ၆ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁,၂၅၂ ဦး တွေ့ရှိခဲ့ပြီးနောက် အတည်ပြုလူနာ ဦးရေမှာ စုစုပေါင်း ၂၀,၀၃၃ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့...
ဝါရှင်တန်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ သက်ဆိုင်ရာ ညွှန်းကိန်းများ ယခုကာလများအတွင်း တစ်ကျော့ပြန် မြင့်တက်လာခဲ့ကြောင်း သိရသည်။ ယခုရက်သတ္တပတ်ကာလတွင် တစ်ရက်အတွင်း ထပ်တိုးလူနာနှင့် သေဆုံးသူ အရေအတွက် တိုးမြင့်လာသည့်အခြေအနေရှိနေပြီး ပြည်နယ် ၂၀ ကျော်တွင် တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေ မြင့်တက်လျက်ရှိကြောင်း သိရသည်။