ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် မန်ဒိုစီနို၊ လိတ်ခ်နှင့် ထရီနီတီနယ်မြေများတွင် အကြီးကျယ်ဆုံးလောင်ကျွမ်းခဲ့သည့် တောမီးကြောင့် မြေဧရိယာ ၁,၀၀၂,၀၉၇ ဧက (၄,၀၅၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းခဲ့ကြောင်းကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) က အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊အောက်တိုဘာ၆ရက် (ဆင်ဟွာ) COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ်ဖြတ်သန်းခပေးဆောင်စေ၍ အောက်တိုဘာ ၅ရက်ညနေပိုင်းမှ စတင်ကာယာယီဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူးလှိုင်ဇော်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားသည်။
မနီလာ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) လေကြောင်းလုပ်ငန်းများ ကိုဗစ် ကပ်ရောဂါ ဂယက် ရိုက်ခတ်မှုကို ဆက်တိုက်ခံနေရသောကြောင့် ကုမ္ပဏီအနေဖြင့် ဝန်ထမ်း ၂,၇၀၀ ဦး၊ စုစုပေါင်း ဝန်ထမ်းအရေအတွက်၏ ၃၅ ရာခိုင်နှုန်းခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လေကြောင်းလိုင်းကုမ္ပဏီ(Philippine Airlines)က ပြီးခဲ့သည့်ရက်များတွင် ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးအားရပ်တန့်စစ်ဆေးခဲ့ရာဆာလာအိတ်ဖြင့် ထည့်ထားသည့် ကျပ်သိန်း ၈,၄၀၀ ကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုသည် လေးနှစ်ကျော်ကာလအတွင်း ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့...