ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အောက်တိုဘာ ၅ ရက်တွင် အဆောက်အဦ လှေကားခွင်တစ်ခု ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုပြင်ပတွင် လူအစုလိုက်အပြုံလိုက် ကူးစက်မှုမှ လူနာအသစ် ၁၀၀ ကျော်ရှိလာပြီးနောက် အောက်တိုဘာ ၅ ရက်တွင် ရောဂါဖြစ်ပွားသူဦးရေ ၃,၅၀၀ သို့ရောက်ရှိသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၈ သိန်းကျော် ရှိပြီဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၅ ရက် ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ၍ တနင်္လာနေ့ ညနေပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းခွင့် ရသွားပြီဖြစ်သော်လည်း ၎င်းအားကုသပေးခဲ့သည့် ဆရာဝန်များအနက်တစ်ဦးက “လုံးဝစိတ်ချရသော အနေအထားမဟုတ်သေးကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
ဟွမ်ဆန်း၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ယူနက်စကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဟွမ်ဆန်းတောင်တန်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် တည်ရှိသည်။ဟွမ်ဆန်းတောင်သည် ကြီးမားသည့် ကျောက်ဆောင်များ ၊ နှစ်ရှည်ထင်းရှူးပင်ကြီးများနှင့် တိမ်ပင်လယ်စသည့် သဘာဝအလှမြင်ကွင်းကြောင့် နာမည်ကျော်ကြားကြောင်း သိရသည်။ (Xinhua)