ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၃ ရက်က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ၁၃၉ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ဗွီဒီယို အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachနှင့်ကော်မတီအဖွဲ့ဝင်အသီးသီးအား တရုတ်နှစ်ကူး နွေဦးပွဲတော်အခါသမယတွင်...
ဆောပိုလို၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်၌ ရက်သတ္တပတ်ကျော် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ခဲ့ရာမှ ပျောက်ဆုံးနေသောရုပ်အလောင်း ၃ဦးကို ထပ်မံရှာဖွေတွေ့ရှိမှုနှင့်အတူ သေဆုံးသူအရေအတွက် ၂၈ ဦးအထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ မြေပြိုမှုကြောင့် နစ်မြုပ်ပျောက်ဆုံးနေသည့်...
ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ပေကျင်း၂၀၂၂ အိုလံပစ်မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်ခြင်း ကို ပေကျင်းမြို့၌ စတင်ကျင်းပခဲ့သည်။ထိုပွဲတွင် မီးရှူးတိုင်သယ်ဆောင်သူပေါင်း ၁,၂၀၀ခန့်ပါ၀င်ပြီး အသက်အငယ်ဆုံး သယ်ဆောင်သူသည် ၁၄နှစ်အရွယ်ဖြစ်ပြီး အသက်အကြီးဆုံးသည် ၈၆နှစ် ဖြစ်သည်။ ပေကျင်း ၂၀၂၂ အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းအခမ်းအနားကို ပေကျင်းမြို့၌ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင်...
မော်စကို ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) “ ပေကျင်းဆောင်းရာသီအိုလံပစ်ကာလအတွင်း တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မယ့် ရုရှားသမ္မတပူတင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ပေးမှာဖြစ်သလို နယ်ပယ်ကဏ္ဍစုံမှာ အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပါတယ် ” ဟု ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhui က...
ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဘုရင်နိုရိုဒွန်သီဟာမိုနီသည် ဖေဖော်ဝါရီ ၄ ရက် (သောကြာနေ့)တွင် စတင်ကျင်းပပြုလုပ်မည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ရန်အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ ဦးတည်ကာ ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။...