ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင်းဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ တို့တွင် ဆက်လက်တည်ရှိနေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးထစ်ချုန်းမည့် အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၃...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO) ဖြင့် မှတ်ပုံတင်မှု ၁၃၇၈ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ သတင်းရုပ်သံလိုင်းများတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက COVID-19 ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည့် ဗီဒီယိုအပိုင်းများကို အောက်တိုဘာ ၃ ရက်တွင် ထုတ်လွှင့်ပြသထားကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကလေးငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်း နှင့် ကလေးဆေးရုံအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆၂၀,၀၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းအတွင်း ကလေးငယ်ကူးစက်ခံရမှုက ပိုမိုမြန်ဆန်လာကြောင်း သိရှိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်အား အလုံးစုံ Lockdown လုပ်ရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး လတ်တလော၌ အစီအစဉ် မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။