ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၁ ရက်တွင် တင်ပြသည့် အဆိုပြုချက်များသည် ကျား၊မတန်းတူညီမျှမှု မြှင့်တင်ရေးနှင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားမှ အမျိုးသမီးအရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကို ခိုင်မာစေမည်ဖြစ်ကြောင်း ကမ္ဘာအနှံ့ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာသစ် ( ၁၁၄၂) ဦး အားစံချိန်တင်တွေ့ရှိခဲ့ပြီး (၃၂) ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၃၅၃) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က အောက်တိုဘာ ၂...
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၃,၃၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားအကြေများနှင့် စိတ်ကြွရူးသွပ်ဆေးမှုန့်များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC Myanmar)က ယနေ့ (အောက်တိုဘာ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ ၄၀,၀၀၀ကျော်အား တစ်လကြာ သင်တန်းများစတင်ပို့ချနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့ (အောက်တိုဘာ ၂ ရက်)တွင် ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) စက်တင်ဘာလတွင် မြန်မာတစ်နိုင်ငံလုံး၌ စုစုပေါင်း ငလျင် ၁၅ ကြိမ်လှုပ်ရှားခဲ့ကြောင်း၊ သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၃ ကြိမ်လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ လက်ထောက်အင်ဂျင်နီယာ ဦးထွန်းမင်းဦး ကယနေ့ အောက်တိုဘာ ၂ တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။