ဆန်းရ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဂေဟပတ်ဝန်းကျင်ထူထောင်ရေးကို အရှိန်မြှင့်တင်ရန်အတွက် ဆန်းရ သန္တာကျောက်တန်းဂေဟဗေဒသုတေသဌာနက သက်ဆိုင်ရာလုပ်ငန်းများနှင့်ပူးတွဲ၍ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရ ရာလုံပင်လယ်အော်တွင် လူကပြုလုပ်ထားသော သန္တာကျောက်တန်း ၈၀ နီးပါး နေရာချထားပေးခဲ့သည်။ ယင်းကျောက်တန်းများကို သက်ရှိပုံတူဇီဝပတ်ဝန်းကျင်ကာကွယ်ရေးပစ္စည်း အမျိုးအစားသစ်များနှင့် ပြုလုပ်ထားခြင်းဖြစ်ရာ သန္တာကောင်လေးများနှင့် သမုဒ္ဒရာအတွင်းရှိ အခြားသော အဏုဇီဝသက်ရှိများ...
ယွမ်ကျန်း၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) အသက် ၂၈ နှစ်အရွယ် စီဖုန်ပင်းသည် တရုတ်-လာအို ရထားလမ်းစီမံကိန်း၏ အဓိကလမ်းတံတားဖြစ်သည့် ယွမ်ကျန်းမြစ်ကူးပင်မတံတားကြီးကို တာဝန်ယူထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ပေးနေသည့် နည်းပညာရှင်တစ်ဦး ဖြစ်သည်။ ယွမ်ကျန်းမြစ်ကူးတံတားတစ်ခုလုံး၏အရှည် ၈၃၂.၂ မီတာ ရှိပြီး တံတားထောက်တိုင် ၆ ရှိရာ အမြင့်ဆုံး ထောက်တိုင်ဖြစ်သော တိုင်နံပါတ်...
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနများသို့လာရောက် ပြသမှုများအား ဖေဖော်ဝါရီ ၁ ရက်မှစ၍ အွန်လိုင်းကြိုတင်စာရင်းသွင်းခြင်း (Online Booking) စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် လူနာများအနေဖြင့် နံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းထန်းသော မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ၊ မီးတောင်ပြာကျဆင်းမှု စသည့် အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရာ ၎င်းဖြစ်ရပ်သည် တွန်ဂါနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ...
ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) “ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်” ဟူသော အနောက်နိုင်ငံများ၏ ကောလာဟလသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု”ကို ဖုံးကွယ်ရန်သာ ဖြစ်ကြောင်း ၊ အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက် ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှားကစိုးရိမ်မှုအခြေအနေ၏သက်သေပင် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...