ပေကျင်း၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ပိုးတွေ့လူနာ ရာဂဏန်း ပြန်ဖြစ်လာကြောင်းနှင့် ဂျပန်နိုင်ငံတွင် ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ဖြေလျော့ရန် စဉ်းစားလျက်ရှိကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ရရှိသော သတင်းများအရ သိရသည်။ (၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ စက်တင်ဘာ...
နယူးဒေလီ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပြည်ထောင်စု အငယ်တန်း ရထားပို့ဆောင်ရေးဝန်ကြီး Suresh Angadi သည် COVID-19 ရောဂါဖြင့် စက်တင်ဘာ ၂၃ ရက်တွင် သေဆုံးသွားကြောင်း အစိုးရတာဝန်ရှိသူမျာက ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၃၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၂၄ ရက် )နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲနမှုနာများအား စစ်ဆေးရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇,၂၉၂ ဦးထိရှိလာကြောင်း ယနေ့(စက်တင်ဘာ ၂၃ရက်) ညပိုင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ယနေ့ (စက်တင်ဘာ ၂၃ ရက်) ညနေပိုင်းအထိ အတည်ပြုလူနာ ၁၃ ဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၂၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။