ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရအတည်ပြုလူနာသစ် ၁၂၀ ဦးတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂,၀၀၉ ဦးရှိလာခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၁)မြို့နယ်အား စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီမှ စတင်ပြီး Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ယနေ့ (စက်တင်ဘာ ၉ ရက်) ညပိုင်း၌ COVID-19ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၁,၈၈၉ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော...
နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ အိမ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးတွင် COVID-19 ရောဂါ ပိုး တွေ့ရှိကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ ညဉ့်ဦးပိုင်းတွင် အတည်ပြု ပြောဆိုခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်စီမံချက်ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ဆင်ဟွာသို့ ပြောကြားသည်။