ဟောင်ကောင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ သတ္တမအကြိမ်မြောက်ဥပဒေပြုကောင်စီ(LegCo) အဖွဲ့ဝင်များ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဥပဒေပြုကောင်စီ legCo ခန်းမဆောင်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်ပိုင်ငွေကြေးများကို အမေရိကန်နိုင်ငံက ထိန်းချုပ်ထားခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာသည် ဇန်နဝါရီ ၂ ရက်က ကဘူးလ်မြို့လမ်းမများပေါ် တက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အာဖဂန်ငွေများထိန်းချုပ်ထားခြင်းကို ဖြေလွှတ်ပေးရန် အမေရိကန်အား ကြွေးကြော် တောင်းဆိုခဲ့ကြသည်။
ရှန်ဟိုင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းသည် ၂၀၂၂ ခုနှစ်တွင် ဝင်ငွေ တရုတ်ယွမ် ၃.၈၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၉၈ ဘီလီယံခန့်) ရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခရီးသွားလုပ်ငန်းအကယ်ဒမီဥက္ကဌ Dai Bin က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဖူကျိူး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် အဏုမြူဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One)အား အသုံးပြု၍ နိုင်ငံ၏ ဒုတိယနျူကလီးယားစွမ်းအင်ယူနစ်သည် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီ ဖြစ်ကာ စီးပွားဖြစ်လည်ပတ်မှုအတွက် လမ်းဖွင့်ပေးနေကြောင်း သိရသည်။
တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ယနေ့ ဇန်နဝါရီ ၃ ရက်သည် အီရန်ဗိုလ်ချုပ်ကြီး ကွီဆမ်ဆိုလီမန်နီ(Qassem Soleimani) လုပ်ကြံသတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အခါသမယဖြစ်ရာ အီရန်နိုင်ငံ တီဟီရန်မြို့တော်အနှံ့အပြား၌ ၎င်း၏ ဓာတ်ပုံများကို ချိတ်ဆွဲပြီး အောက်မေ့ဖွယ် ဂုဏ်ပြုအထိမ်းအမှတ် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။