Connect with us

မြန်မာ-ENG

ဗိုလ်ချုပ်ကြီး ဆိုလီမန်နီလုပ်ကြံခံရခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် အီရန်တွင်ပြုလုပ်

တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ယနေ့ ဇန်နဝါရီ ၃ ရက်သည် အီရန်ဗိုလ်ချုပ်ကြီး ကွီဆမ်ဆိုလီမန်နီ(Qassem Soleimani) လုပ်ကြံသတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အခါသမယဖြစ်ရာ အီရန်နိုင်ငံ တီဟီရန်မြို့တော်အနှံ့အပြား၌ ၎င်း၏ ဓာတ်ပုံများကို ချိတ်ဆွဲပြီး အောက်မေ့ဖွယ် ဂုဏ်ပြုအထိမ်းအမှတ် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။လွန်ခဲ့သော ၂ နှစ်က အမေရိကန်နိုင်ငံသည် အီရန်၏ထိပ်တန်းဗိုလ်ချုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းမှာ တစ်ကမ္ဘာလုံးအမြင်တွင် “ အမုန်းတရား” ကို တိုးမြင့်စေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂ နှစ်က လုပ်ကြံသတ်ဖြတ်ခံရသော ဗိုလ်ချုပ်ကြီးကွီဆမ်ဆိုလီမန်နီ ရုပ်ပုံများအား အီရန်နိုင်ငံ တီဟီရန်မြို့အနှံ့၌ ချိတ်ဆွဲထားသည်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခင် အီရန်နိုင်ငံတော်လှန်ရေးအစောင့်တပ်ဖွဲ့တပ်မှူးကြီးဗိုလ်ချုပ်ကြီး ဆိုလီမန်နီသည် အခြားသော စစ်ဘက်ဆိုင်ရာတပ်မှူးများနှင့်အတူ အီရတ်နိုင်ငံဘဂ္ဂဒတ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်၏ မောင်းသူမဲ့ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။(Xinhua)

…………………………………………
(English Version)

Iran mourns Soleimani on 2nd anniversary of assassination

TEHRAN, Jan. 2 (Xinhua) — The second anniversary of Iranian General Qassem Soleimani’s assassination will come on Monday.
Iran’s Foreign Ministry said on Sunday that the U.S. assassination of the country’s top general two years ago has raised “hatred” in global opinion.

A U.S. airstrike on Jan. 3, 2020 killed Soleimani, former commander of the Quds Force of Iran’s Islamic Revolution Guards Corps, along with an Iraqi militia commander, near the Baghdad International Airport.A billboard depicting late Iranian General Qassem Soleimani was set in a park in Tehran, Iran, on Jan. 2, 2022. (Xinhua/Gao Wencheng)