ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း ရန်ကင်းမြို့နယ်၊ (၃)ရပ်ကွက်၊ တိုက် အမှတ်(၂၁၇) ရှိငွေလဲကောင်တာတစ်ခု ၌ ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံခြားသား နှစ်ဦးမှ ဒေါ်လာငွေစက္ကူအတုဖြင့် လာရောက်လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မနီလာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် ရထားများ တင်သွင်းရန် သဘောတူစာချုပ်ကို ဒီဇင်ဘာ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၄)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂၁/၂၀၁၉) တွင် အတည်ပြု ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
ဟဲကျန်း၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေပြည်နယ် ဟဲကျန်းမြို့ရှိ လက်မှုဖန်ထည်ပစ္စည်း လုပ်ငန်းသည် ၁၉၇၀ပြည့်လွန်နှစ်များတွင် အစပျိုးခဲ့ခြင်းဖြစ်ရာ ၎င်းဒေသ၏ ပင်မရိုးရာလုပ်ငန်း တစ်ခု ဖြစ်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ ငအင်းကျေးရွာသုသာန်ရှေ့ ကားလမ်းနံဘေး ဝဲ/ယာ၌ ယနေ့ နံနက် အစောပိုင်းတွင် ဒေသန္တရမိုင်း ၃ လုံး တစ်ချိန်တည်းခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ...