ပေကျင်း ၊ ဖေဖော်ဝါရီ (၁၀) ရက် (ဆင်ဟွာ) Triple cork 1800ပြိုင်ပွဲတွင် ခက်ခက်ခဲခဲ အနိုင်ရရှိပြီးသည့်နောက် Su Yiming သည် စနိုးဘုတ်စီးအားကစားတွင် အိုလံပစ်ဆုတံဆိပ်ကို ပထမဆုံးရယူနိုင်ခဲ့သည့် တရုတ်လူမျိုးအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သည့် အသက်၁၇နှစ်အရွယ် အိုလံပစ်ငွေတံဆိပ်ဆုရှင်သည် ဘယ်လို အရာတွေကို ကျော်ဖြတ်ခဲ့ရပါလဲ။(Xinhua)...
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘာကီးနားဖားဆိုနိုင်ငံတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော အစိုးရအပြောင်းအလဲ” နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် သမ္မတ Roch Marc Christian Kabore နှင့် အခြားအစိုးရအရာရှိများကို လွှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် ဖေဖော်ဝါရီ ၉ ရက်၌ ကုလသမဂ္ဂက တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ ဘက်စုံစွမ်းဆောင်ရည်သည် မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သို့ တက်ရောက်သော တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Ni Huizhong က ဖေဖော်ဝါရီ ၁၀ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုနှစ်အတွင်း ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကို အဆုံးသတ်ရန် အရေးကြီးသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရန် ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပူးတွဲ တောင်းဆိုခဲ့ကြောင်း သိရသည်။
ဒတ်ကာ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) “ကျွန်တော်တို့ မျှော်လင့်နေတာကြာပြီဖြစ်တဲ့ ဒီတံတားကြီးဖွင့်လှစ်လိုက်ပါပြီ”ဟု ဆီနီဂေါနိုင်ငံ Foundiougneမြို့နေ ပြည်သူတစ်ဦးဖြစ်သည့် ဒီအောက်ဖ် အတွက်ဆိုရလျှင် နှစ်သစ်တွင် အပျော်ရွှင်ဆုံးက Foundiougneတံတားကြီး တရားဝင် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။