ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဓာတုကုမ္ပဏီကြီးဖြစ်သော DuPont က ထိရောက်ပြီး ကုန်ကျစရိတ်နည်းပါးသော ဆားငန်ရေကို ရေချိုအဖြစ်ပြောင်းလဲထုတ်လုပ်နည်းစနစ်ကို တီထွင်သည့် အစ္စရေးကုမ္ပဏီ Desalitech ကို ဝယ်ယူလိုက်ကြောင်း နှစ်ဘက်ကုမ္ပဏီက ဒီဇင်ဘာ ၁၁ ရက်က ကြေညာလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ၆ဘီးယာဉ် နှင့် ဟီးနိုး အမျိုးအစား၁၂ဘီးဝါစိမ်းရောင်ယာဉ် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြု ချက်မရှိ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေး အရေးယူလျက်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီမှ သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီမှစတင်ကာ လမ်းဘေးခွေးက အနံ့ခံခွေးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ရှန်ဟိုင်း အကောက်ခွန် အာဏာပိုင်များက ပြောခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၆၆ဒသမ၅ ဧက ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။