ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် တရုတ်ပြည်သူများအတွက် ခက်ခဲသောအချိန်ကာလများ၌ ယုံကြည်ရဆုံး ကျောရိုးမဏ္ဍိုင်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လူသားမျိုးနွယ်အတွက် အေးအတူ၊ ပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကျယ်ကျယ်ပြန့်ပြန့် လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံမှုသည် လူသားများမျိုးနွယ်အတွက် ဘုံစိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ပိုမိုကြွယ်ဝ၍ ကောင်းမွန်သောကမ္ဘာကြီးတစ်ခု တည်ဆောက်ရန်အတွက် မှန်ကန်သောလမ်းကြောင်း ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင်...
ပေကျင်း ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စံပြလုပ်ဆောင်မှု ချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးကို ယနေ့ နံနက်တွင် ပေကျင်းမြို့ ၌ စတင်ကျင်းပပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ် မူယီဒင်ယာဆင် နှင့် မလေးရှားသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့သည် စက်တင်ဘာ ၇ ရက်ကတွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများအပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Matt Hancock က အကယ်၍ ထောက်ခံအတည်ပြုချက်ရရှိပြီးပါက လာမည့် ၂၀၂၁ ခုနှစ် ပထမလပိုင်း အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို “ ရရှိဖို့ အလွန်ဖြစ်နိုင်ကြောင်း” စက်တင်ဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။