ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည် နိုင်ငံတကာသတင်းကြီး ၁၀ ခုကို ဆင်ဟွာ သတင်းဌာနမှ စုစည်းရွေးချယ်တင်ပြလိုက်ပါသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်းသည် COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ခါတွမ်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်းဒေါ့ခ် (Abdall Hamdok) သည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၏ ဒုံးကျည်စွမ်းရည်တိုးတက်မှုသည် အမေရိကန်၏ ဒေသဆိုင်ရာစစ်ရေးအစီအစဉ်အား စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း အမေရိကန်နိုင်ငံရေးကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြောကြားချက်ကို အီရန်နိုင်ငံ Press TV သတင်းကွန်ရက်က ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။
ဟောင်ကောင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ သတ္တမအကြိမ်မြောက်ဥပဒေပြုကောင်စီ(LegCo) အဖွဲ့ဝင်များ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဥပဒေပြုကောင်စီ legCo ခန်းမဆောင်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။