ဟဲဖေး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေကြီးရေလျှံမှုတွင် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ပေးခဲ့ကြသူများ၏ မိသားစုဝင်များထံသို့ ယနေ့ (ဩဂုတ် ၂၀ ရက်) သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အီရန်နိုင်ငံအပေါ် အမြန်ဆုံး ပြန်လည် အရေးယူ ပိတ်ဆို့မှု ပြုလုပ်သွားရန် အမေရိကန်နိုင်ငံအနေဖြင့်တောင်းဆိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁၉ ရက် တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် လာမည့်ရက်များတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုဆွေးနွေးရန် သဘောတူထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဩဂုတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။
မင့်စ်ခ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko က အင်အားကြီး အနောက်နိုင်ငံများ၏ ခေါင်းဆောင်များအနေဖြင့် ဘီလာရုစ်ရှိ နိုင်ငံရေးအခြေအနေထက် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများ အပေါ်တွင် သာ အာရုံစိုက် အလေးထားသင့်ကြောင်း ဩဂုတ် ၁၉ ရက်က ပြောကြားလိုက်သည်ကို နိုင်ငံပိုင်သတင်းအေဂျင်စီ...
အန်ကာရာ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါ ကူးစက်မှုများ ဆက်လက် ပြန့်ပွားလျက်ရှိရာ အီဂျစ်နှင့်တူနီးရှား နိုင်ငံများက နိုင်ငံခြားပြည်ဝင်ခွင့်ကန့်သတ်မှုအချို့ ကို လုပ်ဆောင်ခဲ့သလို နိုင်ငံအမြောက်အမြားကလည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူအများအနေဖြင့် တင်းကျပ်စွာ လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။