Connect with us

Myanmar

ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦးလိုက်ပါလာသော စက်လှေတစ်စီးဖမ်းမိ

ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသော စက်လှေနှင့် ဘင်္ဂါလီလူမျိုးများအားတွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်မြောက်ဘက် ၃၈မိုင်အကွာ၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦးလိုက်ပါလာသော စက်လှေတစ်စီးအား ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသော စက်လှေနှင့် ဘင်္ဂါလီလူမျိုးများအားတွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)

တပ်မတော်(ရေ)မှ ယနေ့ နံနက် ၇နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့ အနောက်မြောက်ဘက် ၃၈မိုင်အကွာ၌ မင်္သကာဖွယ်စက်လှေတစ်စီးတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ ဘင်္ဂါလီလူမျိုး အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ဦးနှင့် ကလေး ၃၃ဦးစုစုပေါင်း ၂၂၈ဦးနှင့်အတူ လှေလုပ်သား မြန်မာလူမျိုး ၅ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနစသည့်တို့ထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)