ဝါရှင်တန်၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ပြီးခဲ့သောရက်က ရုရှားနိုင်ငံ သမ္မတ ပူတင်အဆိုပြုခဲ့သည့် အီရန် နျူကလီးယားအရေး ဗွီဒီယို ထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ညီငယ်ဆုံး ဖြစ်သူ ရောဘတ်ထရမ့်(Robert Trump) သည် ဩဂုတ် ၁၅ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိကြောင်း သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ငွေကျပ် ၁၅.၆၅ ဘီလီယံတန်ဖိုးရှိ ICE အလေးချိန် ၆၂၆ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ဩဂုတ် ၁၅...
ပေကျင်း၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ဩဂုတ် ၁၅ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ အမေရိကန်နိုင်ငံ၌ ကိုဗစ်ကြောင့် သေဆုံးမှုသည် စက်တင်ဘာ လဆန်းပိုင်းတွင် ၂ သိန်းအထိရှိလာနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ (၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ...
တိုကျို ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် နှစ်ပတ်လည် အခမ်းအနားတစ်ခုကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဩဂုတ် ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဂျပန် ဧကရာဇ် ဘုရင် နာရူဟီတို (Naruhito) က ဂျပန်နိုင်ငံ၏...