တိုကျို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတောင်ပိုင်း၊ ကာဂိုရှီးမားစီရင်စုရှိ Izumi မြို့၌ ကြက်မွေးမြူရေးခြံတစ်ခုတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသော ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၀,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်က ကြေညာချက်...
မင့်စ်ခ်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘီလာရုစ်နိုင်ငံတွင် လေ့ကျင့်မှုအတွင်း ပါဝင်ခဲ့သော ရုရှားနိုင်ငံမှ လေထီးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ ဘယ်လာရုစ်မီဒီယာက သတင်းဖော်ပြထားသည်။ ၎င်းတို့၏ လေထီးခုန်သူများသည် လေထီးခုန်နေစဉ် “ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့်” လုပ်ငန်းမအောင်မြင်ဖြစ်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ ပေကျင်းမြို့ ဟိုင်တျန့်ခရိုင်တွင် အသက် ၃ နှစ်မှ ၁၁ နှစ်ကြား လူအုပ်စုများအား စနစ်တကျ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံသည့် လူအုပ်စုတွင် ကျောင်းဝင်းမှ ကျောင်းသားများနှင့် ကျောင်းဝင်းထဲမှမဟုတ်သော လူအုပ်စုတို့ ပါဝင်ပြီး...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖီဂျီနိုင်ငံ သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သော Ratu Wiliame Katonivere ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို နိုဝင်ဘာ ၁၂ ရက်တွင် ပေးပို့ခဲ့သည်။ ဖီဂျီနိုင်ငံသည် တရုတ်နိုင်ငံသစ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ပထမဆုံး...
နယူးဒေလီ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဖက်ဒရယ်အစိုးရနှင့် ဒေသန္တရအစိုးရတို့သည် လေထုညစ်ညမ်းမှုအဆင့် မြင့်မားလာခြင်းကြောင့် မြို့တော်အား နှစ်ရက်ကြာ လော့ခ်ဒေါင်း (lockdown) ပြုလုပ်ရန် ထည့်သွင်းစဉ်းစားနိုင်ကြောင်း အိန္ဒိယ ထိပ်တန်းတရားရုံးက စနေနေ့တွင် အကြံပြုခဲ့သည်။ မြို့တော်တွင် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ အမှုကြားနာစဉ်တွင် တရားရုံး၏...