ရှန်ဟိုင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းသည် ၂၀၂၂ ခုနှစ်တွင် ဝင်ငွေ တရုတ်ယွမ် ၃.၈၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၉၈ ဘီလီယံခန့်) ရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခရီးသွားလုပ်ငန်းအကယ်ဒမီဥက္ကဌ Dai Bin က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဖူကျိူး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် အဏုမြူဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One)အား အသုံးပြု၍ နိုင်ငံ၏ ဒုတိယနျူကလီးယားစွမ်းအင်ယူနစ်သည် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီ ဖြစ်ကာ စီးပွားဖြစ်လည်ပတ်မှုအတွက် လမ်းဖွင့်ပေးနေကြောင်း သိရသည်။
တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ယနေ့ ဇန်နဝါရီ ၃ ရက်သည် အီရန်ဗိုလ်ချုပ်ကြီး ကွီဆမ်ဆိုလီမန်နီ(Qassem Soleimani) လုပ်ကြံသတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အခါသမယဖြစ်ရာ အီရန်နိုင်ငံ တီဟီရန်မြို့တော်အနှံ့အပြား၌ ၎င်း၏ ဓာတ်ပုံများကို ချိတ်ဆွဲပြီး အောက်မေ့ဖွယ် ဂုဏ်ပြုအထိမ်းအမှတ် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခါတွမ်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်ဒေါ့ခ် (Abdall Hamdok) သည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) လူပေါင်း ၁၂ ဦးသေဆုံးပြီး အခြား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဟိန္ဒူဘုရားကျောင်းတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ရပ်ဆိုးအား အမြင့်ဆုံး စုံစမ်းစစ်ဆေးနိုင်ရန် အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ အာဏာပိုင်များက စနေနေ့တွင် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။