ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် လက်ကားဈေးနှုန်းများသည် သြဂုတ် ၁၁ ရက်တွင် ဖြည်းဖြည်းချင်း မြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသရေးရာဝန်ကြီးဌာန အဆိုအရ သိရသည်။
မော်စကို၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း သုတေသနပြုထုတ်လုပ်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မှတ်ပုံတင်ပေးလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ ဩဂုတ်၁၂ ရက် (ဆင်ဟွာ) ပြည်သူလူထု၏ပြုပြင်ပြောင်းလဲရေးတောင်းဆိုသံအတွက်လက်ဘနွန်နိုင်ငံဝန်ကြီးချုပ်Hassan Diabသည်အစိုးရတစ်ဖွဲ့လုံးရာထူးမှနုတ်ထွက်ရန်ဩဂုတ်၁၀ရက်တွင်ကြေညာခဲ့သည်။လက်ဘနွန်ဆိပ်ကမ်း၌ဩဂုတ်၄ရက်ကပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ဘေရွတ်တွင်နေ့စဉ်ရက်ဆက်ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားခဲ့ရာလက်ဘနွန်အားနိုင်ငံရေးအကျပ်အတည်းမီးတောက်လောင်စေခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူ လေးဦးအား နိုင်ငံတော်ဆုတံဆိပ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ရန် သမ္မတအမိန့်ဒီဂရီတစ်ရပ်ကို ဩဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယန်ရှော့၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) “Spider-kids”ကလေးငယ်များက တရုတ်နိုင်ငံ တောင်ပိုင်း ယန်ရှော့ ကျောက်တောင်တက်အဖွဲ့တွင် ပါဝင်နိုင်ရန် ကျောက်တောင်တက်စခန်းတစ်ခုရှိ ကျောက်တောင်သဏ္ဍန်တူ နံရံတွင် အသက် ၇ နှစ်မှ ၁၄ နှစ်အရွယ်ရှိ ကလေး ၂၀ ကျော်သည် အရည်အချင်းစိစစ်တောင်တက်စမ်းသပ်ပြိုင်ပွဲကို ပါဝင်ကြရသည်။ ထိုပြိုင်ပွဲတွင် ရလဒ်ကောင်းသည့် ကျောင်းသားကျောင်းသူများသည်...