Connect with us

Myanmar

စီးတီးတက္ကစီယာဉ်ပိုင်ရှင်များအသင်းအား YRTC ဦးဆောင်မှုဖြင့် ဖွဲ့စည်းမည်

ရန်ကုန်မြို့၌ သွားလာနေသော စီးတီးတက္ကစီများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စီးတီးတက္ကစီယာဉ်ပိုင်ရှင်များအသင်းအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC ) ၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းတွင် ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC ) မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က နိုဝင်ဘာ ၁၂ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

“ရည်ရွယ်ချက်ကတော့ တက္ကစီယာဉ်ပိုင်ရှင်တွေရဲ့ လိုအပ်ချက် တွေကို အချင်းချင်း အကြံပြု တင်ပြနိုင်ဖို့၊ အချင်းချင်းထိန်းကျောင်းဖို့ ပါတယ်။ နောက်တစ်ချက် က ရန်ကုန်မြို့ရဲ့ ယာဉ်ကြေကျပ်တည်းမှု ကို ဖြေရှင်းပေးနိုင်ဖို့။ အခုဆိုရင် တက္ကစီ ယာဉ်တွေက လူမပါဘဲ အလွတ်သွားနေရတယ်။ သွားလာရင်း လူရှာတော့ ယာဉ်ကြောကျပ်တည်းတာတွေရှိတယ်။ ဒါ့အပြင်အဲဒါတွေကိုဖြေရှင်းဖို့ ယာဉ်ရပ်ကွင်းနေရာတွေ ဖော်ဆောင်ဖို့နဲ့ တက္ကစီကို on call သဘောမျိုး application နဲ့ ခေါ်ဆောင်နိုင်ဖို့ ကိုလည်း ရည်ရွယ်ထားပါတယ်’’ ဟု ဦးလျန်ကျင့်မန်ကပြောသည်။

၎င်းစတင်ဖွဲ့စည်းမည့် စီးတီးတက္ကစီယာဉ်ပိုင်ရှင်များအသင်း တွင် စီးတီးတက္ကစီယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ ပါဝင်နိုင်မည်ဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲများကို YRTC မှ ဦးဆောင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ မှတ်ပုံတင်ထားသော စီးတီးတက္ကစီ ၆၅,၀၀၀ ကျော်ရှိပြီး၊ နယ်လိုင်စင်ဖြင့် ခွင့်ပြုပေးထားသော စီးတက္ကစီ ၂၀,၀၀၀ ကျော်ရှိကြောင်း YRTC မှ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117