တိဗက်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ဒေသရှိ ဘန်ဘာကောင်တီတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ကြမ်းတမ်းသည့်မြေပြင်အနေအထားနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဟင်းသီးဟင်းရွက်များမှာ ဈေးနှုန်းမြင့်မားခဲ့သည်။သို့ရာတွင် ဖန်လုံအိမ် စိုက်ပျိုးခြင်းစနစ်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီးနောက် ဒေသခံများအတွက် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကောင်းမွန်စွာထွက်ရှိပြီး တောင်သူများလည်း ဝင်ငွေတိုးကာဆင်းရဲတွင်းမှ ကင်းလွတ်ခဲ့ကြသည်။ ယခင်က ကြမ်းတမ်းသည့်ဒေသအနေအထားနှင့်ပို့ဆောင်ရေးအခက်အခဲများကြောင့်ဟင်းသီးဟင်းရွက်များမှာ ရှားပါးပြီးဈေးနှုန်းမြင့်မားခဲ့သည်။...
ရှင်းကျန်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အဝေးပြေးလမ်းကြီးကို တည်ဆောက်မည် ဖြစ်ရာ ၎င်းတွင် ပါဝင်သည့် ရှင်းကျန်းဒေသ၏ အရှည်ဆုံး ဖြစ်သည့် ရှန်းလီ ဥမင်ကြီးကို ဖောက်လုပ်သွားရန် အဆင့်မြင့်ဥမင်တူးစက်ကြီးနှစ်လုံးကို အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ ထိုဥမင်တူးစက်ကြီးနှစ်လုံးအတွက် လျှပ်စစ်ဓါတ်အားကို မကြာသေးမီက ပြီးစီးခဲ့သည့် ရှင်းကျန်းဒေသအတွင်း...
နယူးဒေလီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ယနေ့ (ဩဂုတ် ၇ ရက်) ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) လာမည့်နှစ် ပြည်တွင်းဖူဆယ်ဘောလုံး ပြိုင်ပွဲများတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပြောင်းလဲလိုက်သည့် ဖူဆယ်ဥပဒေအရ ဒိုင်ငါးဦးအထိ ကြီးကြပ် ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ဆင်ဟွာကို သြဂုတ် ၇ ရက်တွင်ပြောသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး က တစ်ပတ်အတွင်း တစ်ကျပ်သားကို ကျပ် ၁,၂၉၀,၀၀၀ မှ ၁,၃၃၅,၀၀၀ အထိရောက်ရှိလာသဖြင့် တစ်ကျပ်သားလျှင်ကျပ် ၄၅,၀၀၀ဈေးတက်ခဲ့ကာ ရွှေဆိုင်များသို့ အမြင့်ဈေးဖြင့် ရွှေပြန်ရောင်းသူများ များပြားလျက်ရှိကြောင်း သိရသည်။