Connect with us

Myanmar

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း တူရကီနိုင်ငံ၌ ခြေစမ်းပွဲ သုံးပွဲကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ လေ့ကျင့်ရေးခရီးစဉ် အတွင်း ခြေစမ်းပွဲ သုံးပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ ယနေ့နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။

“တူရကီနိုင်ငံက အသင်းဖြစ်တဲ့ Manavgastpor အသင်း၊ Burndi အသင်း၊ အင်ဒိုနီးရှားလက်ရွေးစင် အသင်းတို့ နဲ့ ခြေစမ်းပွဲကစားမှာပါ’’ ဟု ဦးဇော်မင်းထိုက်က ပြောသည်။
Manavgastpor ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကို နိုဝင်ဘာ ၉ ရက်၊ Burndi ဘောလုံးအသင်း နှင့် ခြေစမ်းပွဲကို နိုဝင်ဘာ ၁၃ ရက်၊ အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

“ဒီက ရလဒ်တွေကောင်းရင် ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထပ်ပြီးအဆင့်မြင့်တက်ဖို့ရှိတယ်။ လက်ရှိကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ကျွန်တော်တို့ မြန်မာဘောလုံးအသင်းက အဆင့် ၁၄၅ မှာရှိပါတယ်’’ ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117