ပေကျင်း၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ရှင်းလင်းသည့်မူဘောင်များ ထားရှိရန်လိုအပ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ ပြန်လည်စေလွှတ်နိုင်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
တိုကျို ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၌ အနုမြူဗုံးကျဲခံရခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ ဩဂုတ် ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာကြီးအနေဖြင့် နျူကလီးယားလက်နက်များ အပါအဝင် လူသားမျိုးနွယ်စုတစ်ရပ်လုံးအပေါ် ခြိမ်းခြောက်မှုများအား စည်းစည်းလုံးလုံး ဆန့်ကျင်တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း ဟီရိုရှီးမားမြို့တော်ဝန်က...
ပေကျင်း၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) လက်ရှိ နိုင်ငံတကာ အခင်းအကျင်းနှင့် စနစ်များကို အမှန်တကယ် စိန်ခေါ်နေသည်မှာ ၎င်းတို့၏ အကျိုးစီးပွားကို အခြားအရာအားလုံးထက် ရှေ့တန်းတင်လုပ်ဆောင်နေပြီး ယင်းကို ကျင့်ထုံးတစ်ခုအဖြစ် စွဲကိုင်ပြုမူနေသည့် ကမ္ဘာတွင် အင်အားအကြီးဆုံးဖြစ်သော အမေရိကန်နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က...
ဟောင်ကောင် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအနေဖြင့် ဗြိတိန်၏ ဟောင်ကောင်ဆိုင်ရာ ပါတီစုံ ဥပဒေပြုအမတ်အဖွဲ့(APPG) ၏ ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအပေါ် ပြင်းထန်စွာ ဆန့်ကျင်ကြောင်း နှင့် ယင်းမှာ အလွန်ဆိုးဝါးသောလုပ်ရပ်ဖြစ်ကြောင်း ဩဂုတ် ၅ ရက်တွင်...