ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်း”Rai” ကြောင့် Boholပြည်နယ်တွင် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်အထိ ယင်းပြည်နယ်တွင် သေဆုံးသူ ၇၂ ဦး ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူဦးရေ ၁၄၂ ဦး ထိ မြင့်တက်ခဲ့သည်။
ကူမင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ယခုနှစ်သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” စီမံကိန်း ပူးပေါင်းတည်ဆောက်မှု၏ ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ၈ နှစ်တာကာလအတွင်း “ရပ်ဝန်းနှင့်ပိုးလမ်းမ” သည် နိုင်ငံများစွာထံမှ ထောက်ခံမှုနှင့် တုံ့ပြန်မှုများ ရရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းအများအပြား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လမ်းတံတားများသည် မျဉ်းကြောင်းများသဖွယ်...
ကွေ့ကျိုး၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် မိုးတိမ်များအကြားထိုးထွက်နေသည်အထိ မြင့်မားသော Tongzi မြစ်ကူး တံတားကြီးတစ်စင်းကို တည်ဆောက်လျက်ရှိကြောင်းသိရသည်။ ထိုတံတားကြီးသည် ကွေ့ကျိုးပြည်နယ်ရှိ Jinsha-Renhuai-Tongzi အမြန်လမ်း၏ လမ်းပိုင်းတစ်ခုဖြစ်သည်။တံတားမှာ အရှည် ၁,၄၂၂ မီတာရှိမည်ဖြစ်ပြီး ပင်မ မျှော်စင်အမြင့်မှာ ၂၀၈ မီတာအထိရှိသည်။...
ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီ(LegCo) ရွေးကောက်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရွေးကောက်ပွဲစနစ် တိုးတက်မြှင့်တင်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်သည်။ ဟောင်ကောင်ဒေသတစ်ဝှမ်းရှိ မဲရုံပေါင်း ၆၀၀ ကျော်ကို ယနေ့ဒေသစံတော်ချိန်...
မနီလာ ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ယခုအပတ်အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် သေဆုံးသူအရေအတွက်သည် ၆၅ ဦးထက်မနည်း မြင့်တက်လာခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။