ရုံအန်း၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့မှ လျိုကျိုးမြို့သို့ ပေးဆွဲသည့် အမြန်အဝေးပြေးလမ်းမသစ်ကြီးကို ပြီးခဲ့သည့်ရက်ပိုင်းက အခြေခံတည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ပြေးဆွဲ အသုံးပြုတော့မည်ဖြစ်သည်။ လက်ရှိ ဆောက်လုပ်ရေးဌာနက လမ်းဖွင့်လှစ်ခြင်းမပြုမီ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အမြန်အဝေးပြေးလမ်းမကြီးသည် ကွေ့လျင်မြို့ အပြင်ပတ်လမ်းမှအစပြုပြီး လျိုကျိုးမြို့ ရုံအန်းခရိုင်...
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပအစိုးရအေဂျင်စီများနှင့် မီဒီယာအဖွဲ့အစည်းများက ဆင်ဟွာသတင်းအေဂျင်စီ (Xinhua News Agency) တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ပညာရပ်ဆိုင်ရာ အောင်မြင်မှုများအတွက်လည်း ကျေးဇူးတင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြကြောင်း သိရသည်။ ၎င်းတို့အနေဖြင့်...
ဖနွမ်းပင်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကမ္ဘောဒီယားနိုင်ငံသို့ ကူညီပံ့ပိုးပေးသော သတ္တမအသုတ် ကိုဗစ်ကာကွယ်ဆေးများအား ကြိုဆိုလက်ခံပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ရက်က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခမ်းနားစွာ ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး Tea Banh၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ဝန်ထျန်းတို့သည် လေဆိပ်၌...
ပေကျင်း၊နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့၏ နိုင်ငံခြားရေး ၀န်ကြီး မော်လဝီ အေမာခန်မူတာကီက အာဖဂန်နစ္စတန်ဗဟိုဘဏ်မှ ဒေါ်လာဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများထိန်းချုပ်ခြင်းကို ရုပ်သိမ်းပေးရန် အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ တောင်းဆိုသည့် စာစောင်ကို နိုဝင်ဘာ ၁၈ ရက်က ပေးပို့ခဲ့သည်။ အကယ်၍ အမေရိကန်သည် ပိုင်ဆိုင်မှုထိန်းချုပ်ထားခြင်းကို ရုပ်သိမ်းခြင်းမပြုပါက...
တိုကျို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား အစောဆုံးအဖြစ် လာမည့်နှစ် ဖေဖော်ဝါရီလတွင် အသက် ၁၂ နှစ်အောက်အရွယ် ကလေးငယ်များကို တိုးချဲ့ထိုးနှံပေးရန်စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းရှိ မြူနီစီပယ်ဒေသများတွင်...