Connect with us

Asia

အာဖဂန်ကြားဖြတ်အစိုးရက နိုင်ငံတော်ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားခြင်းကို ရုပ်သိမ်းပေးရန် အမေရိကန်ကွန်ဂရက်သို့ တောင်းဆို

အာဖဂန်ကြားဖြတ်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးမူတာကီက စက်တင်ဘာ ၁၄ ရက်တွင် ကဘူးလ်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့၏ နိုင်ငံခြားရေး ၀န်ကြီး မော်လဝီ အေမာခန်မူတာကီက အာဖဂန်နစ္စတန်ဗဟိုဘဏ်မှ ဒေါ်လာဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများထိန်းချုပ်ခြင်းကို ရုပ်သိမ်းပေးရန် အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ တောင်းဆိုသည့် စာစောင်ကို နိုဝင်ဘာ ၁၈ ရက်က ပေးပို့ခဲ့သည်။

နိုဝင်ဘာ ၉ ရက် တွင် အာဖဂန်နစ္စတန်၊ Khost ခရိုင်၌ အကူအညီပေးပစ္စည်းအနီးထိုင်နေကြသော ကလေးငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

အကယ်၍ အမေရိကန်သည် ပိုင်ဆိုင်မှုထိန်းချုပ်ထားခြင်းကို ရုပ်သိမ်းခြင်းမပြုပါက အာဖဂန်နစ္စတန်၏ စီးပွားရေးအခြေအနေသည် ဆက်လက်ဆိုးရွားနေမည်ဖြစ်ပြီး ဒုက္ခသည်လှိုင်းများနှင့် အခြားသော လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များကို ဖြစ်ပေါ်စေကာ အာဖဂန်နစ္စတန်ရှိ အမေရိကန်၏ ဂုဏ်သတင်းကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း မူတာကီက သတိပေးခဲ့သည်။

အာဖဂန်နစ္စတန်သည် နှစ်ပေါင်း ၄၀ ကာလအတွင်း ရှားပါးသည့် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နေကြောင်း ၊ ဒေသတွင်းနှင့် ကမ္ဘာကို ခြိမ်းခြောက်မှု မရှိကြောင်း၊ တက်ကြွသော ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်း ခင်းကျင်းမှုများ ပြုလုပ်ပြီးကြောင်း မူတာကီက အဆိုပါအိတ်ဖွင့်ပေးစာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်သည် နိုင်ငံတကာအသိုက်အဝန်းများ၏ ဂရုစိုက်မှုကို နားလည်ပါကြောင်း၊သို့သော်ယုံကြည်မှုတည်ဆောက်ရန်အတွက် ဘက်ပေါင်းစုံမှ တက်ကြွစွာ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
AFP သတင်းအရ အချို့သောနိုင်ငံများသည် အာဖဂန်နစ္စတန်အား ဒေါ်လာသန်းရာနှင့်ချီအကူအညီပေးမည်ဟု ယခင်က ကတိပြုထားသော်လည်း တာလီဘန်အစိုးရအတွက် ကြိုတင်သတ်မှတ်ချက်များ ချမှတ်ထားကာ အဆိုပါအကူအညီပေးရေးကတိများသည် ယခုအချိန်အထိ ဖြည့်ဆည်းပေးခြင်း မရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်ဗဟိုဘဏ်၏ အုပ်ချုပ်ရေးမှူးဟောင်း Ajmal Ahmadi က အာဖဂန်ဗဟိုဘဏ်သည် နိုင်ငံခြားအရံငွေကြေး အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့် ပိုင်ဆိုင်ထားပြီး ၎င်းတို့အနက်မှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့်ကို အမေရိကန်ဘဏ်များတွင် သိမ်းဆည်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်သည် နိုင်ငံအတွင်းရှိ အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို တာလီဘန်များထံ လွှဲပြောင်းပေးမည်မဟုတ်ကြောင်း အမေရိကန်အစိုးရ အရာရှိတစ်ဦးက သတင်းထောက်များအား ထုတ်ဖော် ပြောကြားခဲ့သည်။
AFP ၏ အဆိုအရ ပြင်ပအကူအညီများပေါ်တွင် မှီခိုနေရသော အာဖဂန်စီးပွားရေးသည် ယခုအခါ ပြိုလဲမှုနှင့် ရင်ဆိုင်နေရသည်။ဘဏ္ဍာရေးဌာနသည် သွင်းကုန်များဝယ်ယူရန် အကျပ်အတည်းရှိကြောင်းနှင့် အစိုးရဝန်ထမ်းများ၏ လုပ်ခလစာများ လပေါင်းများစွာ အကြွေးတင်နေကြောင်း သိရသည်။
အာဖဂန်နစ္စတန် ရင်ဆိုင်နေရသော အကြီးမားဆုံး စိန်ခေါ်မှုမှာ ငွေကြေးလုံခြုံရေးဖြစ်ကြောင်း “ဒီပြဿနာရဲ့ မူလဇစ်မြစ်ကတော့ အမေရိကန် အစိုးရဟာ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် ဖြစ်ပါတယ်”ဟုမူတာကီက ဆိုသည်။
“လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အာဖဂန်အစိုးရနဲ့ ပြည်သူတွေဟာ အခက်အခဲတွေကြုံတွေ့ရနိုင်ပြီး ဒေသတွင်းနဲ့ ကမ္ဘာမှာ ရွေ့ပြောင်းနေထိုင်မှုလှိုင်းတွေဖြစ်လာနိုင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို ပိုမိုဖြစ်ပေါ်စေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

မူတာကီက အမေရိကန်လွှတ်တော်အမတ်များအား ဆက်စပ်ကိစ္စရပ်များကို ဂရုတစိုက်ထည့်သွင်းစဉ်းစားရန်၊ အာဖဂန်ဗဟိုဘဏ်၏ပိုင်ဆိုင်မှုများထိန်းချုပ်မှုကို ရပ်တန့်ရန်၊ အာဖဂန်ဘဏ်များအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းရန်နှင့် အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးအတွက် တံခါးဖွင့်ပေးရန် တောင်းဆိုခဲ့သည်။

တာလီဘန်များသည် ပြီးခဲ့သောလတွင် ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုကာ ဖိအားပေးခြင်းထက် ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့သည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ထိုဆွေးနွေးပွဲသည် တာလီဘန်အစိုးရအား အသိအမှတ်ပြုခြင်းကို ကိုယ်စားမပြုကြောင်း “အလွတ်သဘော ဖလှယ်မှုများ” သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဆွေးနွေးပွဲအတွင်း အမေရိကန်သည် အာဖဂန်တို့အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုက်ရိုက်ပေးအပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း ပိုင်ဆိုင်မှုများထိန်းချုပ်မှုကို ရပ်တန့်ရန် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ (Xinhua)

———————————————-
(Chinese Version)
阿富汗临时政府外长致信美国国会 要求解冻国家资产
2021-11-18 10:59:03 分类: 社会
新华社北京11月18日电 阿富汗临时政府代理外交部长阿米尔•汗•穆塔基17日致信美国国会,要求美方解除对阿富汗中央银行数十亿美元资产的冻结。 穆塔基警告说,如果美方不解冻资产,阿富汗经济形势将持续恶化,以致触发难民潮等人道问题,会让美国在阿富汗留下的名声更烂。
穆塔基在这封公开信中说,阿富汗正迎来近40多年来难得的稳定,“阿富汗没有对地区或世界构成任何威胁,积极合作的道路已经铺就”。
他说,阿富汗“理解国际社会的关切”,但各方应该采取积极措施建立信任。
据法新社报道,一些国家先前承诺向阿富汗提供数以亿计美元援助,但给塔利班政权开设先决条件,这些援助承诺至今没有兑现。
原阿富汗央行行长阿杰马勒•艾哈迈迪披露,阿富汗央行持有大约90亿美元外汇储备,其中大约70亿美元存在美国的银行。 一名美国政府官员先前告诉媒体记者,美方不会把境内阿富汗央行资产转交塔利班。
按照法新社说法,严重依赖外部援助的阿富汗经济如今面临崩溃,财政部门没钱采购进口货物,公务人员已被欠薪数月。
穆塔基说,阿富汗如今面临的最大挑战是财政安全,“这个问题的根源是美国政府冻结阿富汗人的资产”。
他说:“如果现在的形势持续下去,阿富汗政府和民众将遇到困难,在地区乃至世界形成移民潮,这会造成更多的人道主义和经济问题。”
穆塔基呼吁美国议员“仔细考虑”相关事宜,解冻阿富汗央行的资产,解除针对阿富汗银行的制裁,“打开未来双边关系的大门”。
塔利班上个月与美国和欧盟代表在卡塔尔首都多哈分别会谈,表达与国际社会“积极”相处的意愿,呼吁“合作而非施压”。
欧盟和美国都表示,这次会谈不代表承认塔利班政权,只是“非正式交流”。 美方在会谈中表示愿意“直接向阿富汗人”提供人道主义援助,但没有就解冻资产松口。 (王宏彬)

图说1-9月14日,阿富汗临时政府代理外交部长阿米尔•汗•穆塔基在喀布尔出席记者会。 (新华社发,塞夫拉赫曼•萨菲摄)
图说2-11月9日,在阿富汗霍斯特省,孩子们坐在援助物资旁。 (新华社发)