ပေကျင်း၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတွင် တိကျရှင်းလင်းသည့်မူဘောင်များ သတ်မှတ်ထားရှိရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။(Xinhua)
ကျိုချွမ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အဝေးထိန်းစနစ်ပါဝင်သည့် ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဩဂုတ် ၆ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၀၁ နာရီတွင် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ရှင်းလင်းသည့်မူဘောင်များ ထားရှိရန်လိုအပ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ ပြန်လည်စေလွှတ်နိုင်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။