ကိုင်ရို၊နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်အစိုးရက အီဂျစ်အစိုးရသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေးအသုတ်သစ်သည် ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၁ ရက်တွင်ရောက်ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဤကာကွယ်ဆေးအသုတ်သည် အီဂျစ်-တရုတ် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ တရုတ်အစိုးရက ကူညီပံ့ပိုးပေးကြောင်း ထိုနေ့တွင် အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အီဂျစ်ပိရိမစ်အွန်လိုင်းဝဘ်ဆိုဒ်နှင့်...
ဘန်ကောက် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက်ကို အလုံးစုံ တရားဝင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် စီးပွားရေးဝန်ကြီး Jurin Laksanawisit က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင်...
ပေကျင်း ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဥက္ကဌဖြစ်သူ သမ္မတရှီကျင့်ဖိန်က စစ်လက်နက်ပစ္စည်းများရယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကြေညာထုတ်ပြန်ရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများ နှင့် စစ်မြေပြင်တိုက်ခိုက်ရေးစွမ်းဆောင်ရည်များမြှင့်တင်ခြင်းကို အလေးထားကာ ယင်းစည်းမျဉ်းစည်းကမ်းများသည် စစ်လက်နက်ပစ္စည်းကိရိယာများရယူခြင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ ဖြစ်ကြောင်း သိရသည်။ ပြဌာန်းချက် အခန်းခွဲ...
ကိုင်ရို ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) စတုတ္တအကြိမ်မြောက် “ဖာရိုဘုရင်တစ်ဦးကဲ့သို့ ခုန်လွှားခြင်း”ဆိုသည့် လေထီးခုန်ပွဲတော်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ဂိုင်ဇာရှုခင်းသာနေရာရှိ ဂိုင်ဇာပိရိမစ်ကြီးများ၌ နိုဝင်ဘာ ၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံ နှင့် ဒေသ ၃၀ ခန့်မှ ကျွမ်းကျင်သူ နှင့် ကမ္ဘာ့ချန်ပီယံ လေထီးခုန်သမား...
မော်စကို ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် “ မဟာဗျူဟာမြောက်မျှခြေကို ချိုးဖျက်ရန်” ကြိုးပမ်းသည့် မည်သည့်နိုင်ငံရပ်ခြားတိုင်းပြည်ကိုမဆို အရည်အချင်းပြည့်မီလုံလောက်စွာ တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတဗလာတီမာပူတင်က နိုဝင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ အချို့သော ကျွန်တော်တို့ရဲ့ နိုင်ငံရပ်ခြားလုပ်ဖော်ကိုင်ဖက်တွေဟာ ကျွန်တော်တို့ရဲ့ နယ်စပ်တွေမှာ လျင်လျင်မြန်မြန်နဲ့ ပတ်ပတ်လည်လည်မှာ...