ပေကျင်း ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုတည်ဆောက်ရေး ပူးပေါင်းကြိုးပမ်းအားထုတ်ရန်အတွက် တိုက်တွန်းပြောကြားခဲ့ပြီး “ သမိုင်းရဲ့ အမှန်တရားဘက်အခြမ်းနဲ့ လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်မှုဘက်အခြမ်းကနေပြီး ကမ္ဘာကြီးထာဝရငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်ရင်း ကျွန်ုပ်တို့လက်တွေ ချိတ်ဆက်ထားကြပါစို့ ” ဟု ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတရှီသည်...
အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Canakkale ပြည်နယ်အနီးရှိ မာမာရာပင်လယ်၌ အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံခြားအလံလွှင့်တင်ထားသည့် ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှု ဖြစ်ပွားခဲ့ရာ အပျက်အစီးများဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။ ယူကရိန်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သံသတ္တုရိုင်းများ သယ်ဆောင်လာသည့်...
နန်ချန်းရေယာဉ်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်-ရုရှား ပင်လယ်ပြင် ပူးတွဲ ကင်းလှည့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက အရှေ့တရုတ်ပင်လယ်ပြင် အရှေ့ပိုင်းရေပြင် ကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနား ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ရေယာဉ်သင်္ဘောအုပ်စုသည် ၇ ရက်ကြာ ပူးတွဲကင်းလှည့်မှုအပြီး အစီအစဉ်အတိုင်း လမ်းခွဲခဲ့ကြရာ တရုတ်-ရုရှား ပထမဆုံးအကြိမ်...
ကွီတို ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံအလယ်ပိုင်းတွင်တည်ရှိသည့် Chimborazo မီးတောင်ပေါ်မှ အောက်တိုဘာ ၂၄ ရက်တွင် ဆီးနှင်းရေခဲတုံးများ ပြိုကျလိမ့်ဆင်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးသွားကြောင်း အီကွေဒေါနိုင်ငံ အဖွဲ့စုံပေါင်းစပ်မှုလုံခြုံရေးဌာန(ECU 911) က ပြောကြားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆,၁၀၀ မီတာကျော်ရှိသော...
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအဝှမ်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ ပြည်သူ၊တပ်မတော်သား၊ရဲနှင့် အစိုးရဝန်ထမ်း ၁၃၃၇ ဦးသေဆုံးပြီး ၁၃၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သော တပ်မတော်နိုင်ငံတော်တာဝန်ရယူခဲ့ရပြီးနောက်ပိုင်းအခြေအနေများနှင့် အာဆီယံ အထူးကိုယ်စားလှယ်ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်အရ သိရသည်။...